Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
မျက်ရည်များကို အဖော်ပြုခဲ့ရသော ညတွေတိုင်း.....
အိပ်စက်မရနိုင် မိုးသောက်ခဲ့ရမြဲပါ.....
ဘဝတစ်ခုလုံးစာ ငါချစ်ခဲ့ရသော ကောင်မလေး.....
ငါ့ကို သူစိမ်းလို့ သတ်မှတ်လိုက်ပါ
နင်လျှောက်မယ့်လမ်းမှာ အတားအဆီး ဖြစ်မှာစိုး
အချစ်..... ချစ်နေရုံလေးနဲ့ ရှေ့ဆက်လို့ မဖြစ်နိုင်ဘူးတဲ့
ဘာမှ နားမလည်သူကို ကံတရားတွေက အပြစ်ပေးခဲ့သလား.....
အချစ် နင်လိုတာ ဖန်ဆင်းမပေးနိုင်သော
ငါနဲ့ဝေးမှာ မင်းဘဝအမြင့်မှာ တောက်ပလိုက်ပါ
ငါ့ကိုနင်မချစ်နဲ့... ရပါတယ်
တကယ်ဆို မင်းနဲ့တို့ဟာ မတွေ့ဖြစ်ခဲ့သင့်ဘူး
ဒီလို အဆုံးသတ်ကို သိခဲ့ရင်ပေါ့
ငါဟာ အဝေးကနေ မင်းကို တိက်တခိုးပဲ ချစ်မှာပါ
အရာရာ မပေးဆပ်နိုင်တဲ့သူပါ
မင်းစိတ်တိုင်းကျ ဖြည့်ဆည်းဖို့ မတက်နိုင်
ရွှေမင်းသမီးနဲ့ လူကြမ်းကြီး တစ်ယောက်ဟာ
ဇာတ်လမ်းတွေထဲတောင် ပေါင်းဖို့ မသင့်တော်ဘူး