Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ပန်းလေးများလဲ မင်းရဲ့အလှမှာ ငိုလောက်တယ်
မျက်ဝန်းလေးများက ကိုယ့်ကို ညို့ယူ နိုင်လွန်းတယ်
ကိုယ်မင်းနဲ့..တွေ့မှ အချစ်ကို ယုံတော့တယ်
ဒါမလိမ်ဘူး.. အမှန်ပဲ...
မင်းရဲ့အပြုံးက ရိုးရိုးလေးနဲ့ တကယ်လှတယ်
သနပ်ခါးနဲ့ မိတ်ကပ်လဲ နင်လိမ်းစရာ မလိုဘူးကွယ်
လူတိုင်းငေး.. မောကျ ငါမကျေနပ်ဘူးကွယ်
မဆိုင်လည်း.. စိတ်..တိုတယ်
အချစ်ရေးဆို.. ငါဆိုချင်ပါတယ်...
တကယ်တော့ အချစ်က သိပ်ကို နတ်ကြီးတာပဲ
အို ခံစားရလည်း ခက်သလို အို ဖွင့်ပြောဖို့ကျ ပြဿနာလို
အကယ်၍ မင်းမုန်းရင် ဘယ်လိုလုပ်မလဲ...
ရှေ့ရေးကို.. ငါကြိုမြင်ပါတယ်...
အို ဖွင့်မပြောမိရင် ရမှာ နောင်တတွေပဲ
အကယ်၍များ မင်းရဲ့မေတ္တာကို
ငါမဟုတ်သော အခြားတစ်ယောက် ရမယ်ဆို
စိတ်ကူးလေးနဲ့တင် ငါငိုမိခဲ့.. မဖြစ်သေးဘူးကွယ်...
အမှန်တိုင်းပဲ ပြောပါရစေ ငါမညာတတ်ပါ
ရင်ထဲက ခံစားချက်ကို ယုံပါ တစ်ချက်ကွာ
ငါ့ကို ပုန်ကန်တတ်ပါတဲ့ သူပုန်ရန် မမှတ်ပါနဲ့
ဆုံရန်အတွက် လာသူကို စုန်ကန်မခတ်ပါနဲ့
မင်းလမ်းလေး လှမ်းလိုက်တိုင်းမှာ ငါဟာ အရိပ်လိုပဲ
မင်းနဲ့အခု အကြည့်တွေဆုံတိုင်း ပြာယာခတ်လို့ အမြဲ
မာယာဇာတ်ကိုလည်း ငါဟာ အရက်လိုစွဲ
မင်းသာ မုန်းတယ်ပြောရင် ရူးမှာ ဒီဒဂုံတက္ကသိုလ်ထဲ
မဖြစ် သေးတာလေးတွေ ပြောပါရစေ
တကယ်ဆိုရင် ကျွန်တော့် ရင်မှာ ဖြစ်နေရတာ ဒေါသတွေ
သူ့ကိုလေ ကြိုက်တဲ့ကောင်တွေ သိပ်ပြီးတော့ကို ပေါထနေ
သောကတွေ သိပ်ပီးပေးတဲ့ မင်းကလေးကြောင့် ကယ်ပါဗျာ အရှင်ဂေါတမရေ
အချစ်ကိစ္စ ဟောသမျှတွေ တွက်ချေမကိုက်ပါ ဒေါသဖြေ
အတွေးများက ပေါများနေ ချစ်တယ်ပြောရင် စောမလားလေ
နည်းနည်းလောက် ဟောပြလေ သူ့ရဲ့ စိတ်နေသဘောထားတွေ
မင်းချစ်သူ ကောင်မလေးက စိတ်မြန်လက်မြန် ဒေါသလေး
ပြောကြသေး အချို့လူတွေက ပြောကြသေး
ကျွန်တော့်ကို ယဉ်ယဉ်လေးနဲ့ ရူးတယ်ဆိုပြီး သြဘာပေး
ပြောပါစေ ပြောပါစေ မင်းအတွက်ဆို အနှိမ်ခံလိုက်မယ်
ရင်ဆိုင်လိုက်မယ် နင်ပြန်ကြိုက်ပါ တော့ကွာ မနှေး
စိတ်ကူးနဲ့ လက်တွေ့တို့က ဖြစ်ဖို့ ဝေးတယ်
ဖွင့်ပြောခွင့် နှုတ်ဆိတ်လိုက်ရင် ဖန်တရာ ဝေးမယ်
ဒီလို တရံတခါ တွေးတယ် ဒါကြောင့် ကျန်တာ ဘေးဖယ်
ကျေးဇူးပြုပြီး ပြောပါရစေ ချစ်တယ် ကလေးရယ်...
အချစ်ရေးဆို.. ငါဆိုချင်ပါတယ်...
တကယ်တော့ အချစ်က သိပ်ကို နတ်ကြီးတာပဲ
အို ခံစားရလည်း ခက်သလို အို ဖွင့်ပြောဖို့ကျ ပြဿနာလို
အကယ်၍ မင်းမုန်းရင် ဘယ်လိုလုပ်မလဲ...
ရှေ့ရေးကို.. ငါကြိုမြင်ပါတယ်...
အို ဖွင့်မပြောမိရင် ရမှာ နောင်တတွေပဲ
အကယ်၍များ မင်းရဲ့မေတ္တာကို
ငါမဟုတ်သော အခြားတစ်ယောက် ရမယ်ဆို
စိတ်ကူးလေးနဲ့တင် ငါငိုမိခဲ့.. မဖြစ်သေးဘူးကွယ်...