Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
မှတ်တိုင်တစ်ခု စိုက်ထူပီး ကြာရှည်စွာ ရပ်နိုင်သူ မပြတ်နိုင်ဘူး တတ်နိုင်သမျှ ဆက်နိုင်ဖို့ တို့နှစ်ယောက်ရဲ့ သက်ဆိုင်သူက
ငါ့ဘဝအတွက် အလင်းရောင် ပေးမဲ့သူ မင်းဘဝအတွက် အရာရာ စတေးမဲ့လူ
မျှတတဲ့ အပေးနဲ့အယူ တွေရှိခဲ့ ပြတ်တောက်ဖို့ မတွေးခဲ့ဘူး
အခုတော့ အတိတ်က အကြောင်းတွေက ပျက်စီး လက်ရှိမှာပြိုလဲ အနာဂတ်ဟာ ဘယ်လိုလဲ မသိ
တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လို့ ကမ္ဘာပျက်လာ သလိုပဲ လိုအပ်ရင် ငါ့ရှေ့ရောက်လာ မပြဘူး
အမှားတွေကို ထောက်ကာပြလဲ ဘာမှမထူးတော့ မင်းက ငါ့အပေါ် ေ-ာက်ထာမကျဘူး OK
ရှိခဲ့သမျှ အချိန်မှာ စကားတွေကို အပြင်းဆုံးတွေ ခင်းသုံး ငါ့ဘက်က အတင်းဆုံး
လမ်းပြဖို့ နင်းဦး အမှတ်တရတွေကို မေ့လိုက်တာ အရှင်းဆုံး
မသင့်မြတ်တဲ့ စကားတစ်ခုမျိုး ပွင့်ထွက်ခဲ့ အများစုက အကျင့်ပျက်တဲ့ အမှားတခုကြောင့်
ဖွင့်လိုက်တဲ့ တံခါးက လွင့်ထွက်လို့ သွားပီ ရင့်ကျက်တဲ့ ဘဝနှစ်ခု ကတိတွေကို အကြောင်းမဲ့စွာ ချိုးတော့ မင်းမရှိတော့ အကောင်းထဲက အဆိုးပေါ့
နှလုံးသားလဲ အသက်မဲ့ကာ အစက အခြေနေပေး အပြုံးများနဲ့ အမှတ်တမဲ့နဲ့ ငါဟာ အဆုံးအဖြတ် ညံ့ခဲ့တော့ ရူးလာခဲ့သမျှ ရှုံးမယ်
တစ်နေ့မှာ ရုန်းထွက် ဖြတ်ခဲ့တော့ အခုက တကယ့်ဘဝ အဆုံးပဲ ငါ့တစ်သက်မှာ တစ်ခါပဲ ကြုံမယ် နောက်တစ်ဘက်မှာ ဟာခဲ့တာ မင်းကြောင့် နောက်ထပ်သာ မလာနဲ့ ပေးဆပ်ထား ခဲ့သမျှ ရလာဒ်က ဘာလဲ
နောက်ဆုံးတော့ လှပတဲ့ နေ့ဆွဲတွေ ရှိထားလျှက်နဲ့ အခုတော့ လူတွေက သတိမထားပဲနဲ့ နံရံမှာ မှီထားတဲ့ ပန်းချီကား တစ်ချပ်ပဲ
တို့နှစ်ယောက်ရဲ့ အဖြစ်တွေ တကယ်ကို ကြေကွဲ ရေကျဲနေတဲ့ ဆေးစက်များလို မင်းပြောတဲ့ အချစ်ဟာ ဘယ်လိုလဲ
ဘဝတွေ ထပ်တူကျကာ တို့နှစ်ယောက် ပြန်ဆုံဖို့လေ နိုးနိုး တစ်နေ့မှာ အဓိပ္ပါယ်ရှိစွာ တို့နှစ်ယောက် ပြန်ဆုံဖို့လေ နိုးးး နိုးးး ရင်ထဲက အဆိပ်ရေစက်များ
ကမ္ဘာကြီးပြောင်းပြန် ဖြစ်သွားအောင် လုပ်ခဲ့တယ် Baby မင်းကြောင့်ငါ မျှော်လင့်ချက်တွေ မဲ့ခဲ့ပြီ
စိတ်ကူးထဲက ရည်ရွယ်ချက်များ ဘာမှအရာ မထင်ခဲ့ပါ ငါမမြင်ခဲ့တာ
နာကျင်တဲ့ အရာတွေကို ထားခဲ့လိုက် အတိတ်က ရာဇဝင်ထဲမှာ
မင်းဘက်က စိတ်မချစရာ အထင်လွဲစရာ မရှိ ဟိုး အတိတ်က ငါထင်ခဲ့ ငါ့ဘဝထဲ မလာချင်ပဲ လာတဲ့ နင့်ကို ဆရာတင်တဲ့ ငါကို စာသင်ခဲ့တာ
သိပ်တော်သိပ်တတ် မင်းနဲ့နေဖို့ သိပ်ခက် မင်းကငါ့အတွက် အဆိပ်တစ်ခွက်
အဆိပ်တတ်တဲ့ Breakfast ကြောင့် ငါ့ဘ၀ ငါ့အနာဂတ်နဲ့ ငါ့စိတ်ဓါတ်တို့
ပျက်ဆီးခဲ့ ဖျက်ဆီးတဲ့ နင့်ကို စိတ်ပျက်မိတယ် မင်းက ရင်ခွင်ထဲလာ
အိပ်စက်ပီး နှိပ်စက်တဲ့ အဆိပ်နတ်သမီးပဲ
ငါ့ဘက်က မှတ်ယူထားတာ ရလာဒ်တွေ များက ဆက်လက်ပီး သွားရမယ့် ရက်တွေကို စဉ်းစား ဘဝတွေက ထပ်တူမကျ ငါတွေးတိုင်း အသက်ရှူမဝပါ
မင်းဘက်က ပေးခဲ့တဲ့ စက္ကူစများ ဆုတ်ဖြဲ မလိုက်ဖက်တဲ့ ဘဝပါ မင်းကြိုက်လိုက်တဲ့ အရသာက တခဏတာ အတွက် ပြုစားတာ
ထားပါ အန္တရာယ်ရှိတဲ့ အဆင့်ထိကိုလှ ယောင်္ကျားတိုင်း ပြိုကျ နင့်အလိုကျပဲ အဲ့ဒီအလှတွေကြောင့် နင်တနေ့ကျ ငိုရမယ်
အဲ့ဒီအလှနဲ့ ဖမ်းစား အဲ့ဒီအလှတွေကြောင့် မာန်တတ် အဲ့ဒီအလှတွေက ဒါဏ်ခတ်လိမ့်မယ် နင့်ကို ပြန်သတ်လိမ့်မယ်
အနာဂတ် ခင်ဗျားတို့ပဲ မှန်းကြည့် တကမ္ဘာလုံးမှာ အလှဆုံးပါ အစအဆုံးက ကျရှုံးခန်းကြည့် ကဲ ကြည့်လိုက်
တို့နှစ်ယောက်ရဲ့ အဖြစ်တွေ တကယ်ကို ကြေကွဲ ရေကျဲနေတဲ့ ဆေးစက်များလို မင်းပြောတဲ့ အချစ်ဟာ ဘယ်လိုလဲ
ဘဝတွေ ထပ်တူကျကာ တို့နှစ်ယောက် ပြန်ဆုံဖို့လေ နိုးနိုး တစ်နေ့မှာ အဓိပ္ပါယ်ရှိစွာ တို့နှစ်ယောက် ပြန်ဆုံဖို့လေ နိုးးး နိုးးး ရင်ထဲက အဆိပ်ရေစက်များ
ကမ္ဘာကြီးပြောင်းပြန် ဖြစ်သွားအောင် လုပ်ခဲ့တယ် Baby မင်းကြောင့်ငါ မျှော်လင့်ချက်တွေ မဲ့ခဲ့ပြီ