Songs ↓
Thanzin
Song Library

Song detail

အဖြူရောင်သတို့သမီး

Key N/A Published

Controls

Display, spacing, and layout

Reset to default

Columns

1 cols

Select 1 to 4 columns for reading.

Original key

Re-anchor the chords to the key you actually play in.

Capo

0
- 0 +

Lower the shapes without changing the pitch.

Play as

Set an original key first

Transpose

Key: N/A
-+0 +

Shift chords up or down.

Accidentals

Write chords with sharps or flats.

Display

Choose overlay or lyric view.

Line spacing

0px

Adjust lyric and chord line height.

Label width

4.0x

Widen the section-label column.

Key - N/A
Round:
A A D E
Cho

မင်္ဂလာ ခန်းမကြီးထဲ ဒီမင်္ဂလာ ခန်းမကြီးထဲ

တို့နှစ်ဦး လက်တွေတွဲ ခိုင်မြဲသော အချစ်ကို သက်သေထူမယ်

အဖြူရောင် သတို့သမီးလေး တကယ်ပါ နင်လှနေလို့

မိုးထက် နတ်သက်ကြွေသူ ရင်ခုန်သံ ဘယ်လို ထိန်းရမှာလဲ

Rap1

အဖြူရောင် နှင်းဆီပန်း ခင်းထားတဲ့ ကတ္တီပါလမ်း

ကိုယ့်ဘေးက မိန်းမပျို မင်းလျှောက်တဲ့ ခြေလှမ်း ကုဋေတစ်သန်း

သူ့ရဲ့ ပန်းရောင် နှုတ်ခမ်းက ပေးတဲ့ ပန်းရောင်အနမ်း

ဘဝ လက်တွဲဖော်အဖြစ် အနားမှာ ထမ်းဆောင်ရန်

အချစ်ရဲ့ အစွမ်းလောက် ဘယ်အရာမှ တန်ခိုးမရှိ

အမြင့်ဆုံးထက် ပိုပြီးတော့ မိုးအထိ ထားချင်သူ ငါ့ချစ်သူ ပျော်ရွှင်ဖို့ ငါရည်စူး

ရွှေရောင်လက်စွပ်နဲ့ အတည်ပြု

Diamonds are forever ငါ့အချစ်က မင်းအတွက် အမြဲပါ

အသည်း ထဲ စွဲ ယုံကြည်ပါ ခွဲမသွား

ဆံဖြူ သွားကျိုးပြီး အိုမင်း လာတဲ့အခါ

အပြန်အလှန် ထားရှိမယ် ကိုယ်ချင်းစာတဲ့တရား

ငွေရတု ရွှေရတု စိန်ရတု ငါတို့ နှစ်ပတ်လည် နေ့များကို မမေ့ဘူး

ယနေ့မှစ နှစ်တစ်ရာတိုင် အတူ အချစ်အိမ်လေး ဆောက်မယ် အခု

Cho

မင်္ဂလာ ခန်းမကြီးထဲ ဒီမင်္ဂလာ ခန်းမကြီးထဲ

တို့နှစ်ဦး လက်တွေတွဲ ခိုင်မြဲသော အချစ်ကို သက်သေထူမယ်

အဖြူရောင် သတို့သမီးလေး တကယ်ပါ နင်လှနေလို့

မိုးထက် နတ်သက်ကြွေသူ ရင်ခုန်သံ ဘယ်လို ထိန်းရမှာလဲ

Rap2

အမျှော်လင့်ထားဆုံး နေ့တစ်နေ့ တစ်သက်စာ မှီခိုသွားမယ်

သူ့လက်မောင်းကို ကိုင်လို့ အတူတွဲ လျှောက်လှမ်း လာတဲ့အခါ

တည်ဆောက်မယ့် နှစ်ယောက်တည်း ကမ္ဘာ

မိန်းကလေးတိုင်းအတွက် အပျော်ရွှင်ရဆုံး အချိန်လေးပါပဲလား

နှစ်ယောက်လုံး မျက်နှာမှာ ကြည်နူး အပြုံးများစွာနဲ့သာ

ပါးလွှာတဲ့ အဖြူရောင်ပုဝါစလေး

ဆံနွယ်ထက်မှ ငါ့ရဲ့ပါးပြင်ပေါ်မှာ ဖြာကျနေ

ဒီလိုအချိန် သူ့ရဲ့လက်နဲ့ ဖယ်ရှားပေးတဲ့

အခါမှာ အရာရာ သူ့ဘေးနားမှာ ပျော်ရွှင်မှုကလွဲလို့ ဘာမှမတွေး

အစဉ်အလာများအတိုင်း နှစ်ဘက်အသိုင်းအဝိုင်းရှေ့

အချစ်ကို သစ္စာပြု၍ အပြန်ပြန်အလှန်လှန် ခိုင်းနှိုင်း

မျှော်လင့်ထားတဲ့အတိုင်း အတူတူ ကျော်ဖြတ်ကြမယ် ဘဝမုန်တိုင်း

ဘေးနားမှာ အမြဲတမ်း ရှိနေပေးမယ် I will be your Valentine...

ပကာသနများလည်း ခဝါချထားမယ် မာနတရားမဲ့

ရှေ့ဆက်မယ့် နေ့တို့ သာယာဖို့ ပဓာနထားမယ်

သစ္စာတရားပဲ သက်သေ တည်ထားတယ်

ယနေ့မှစ နှစ်တစ်ရာ ပျော်ရွှင်စွာ လက်တွေ ခိုင်ခိုင်တွဲသွားမယ်…

Cho

မင်္ဂလာ ခန်းမကြီးထဲ ဒီမင်္ဂလာ ခန်းမကြီးထဲ

တို့နှစ်ဦး လက်တွေတွဲ ခိုင်မြဲသော အချစ်ကို သက်သေထူမယ်

အဖြူရောင် သတို့သမီးလေး တကယ်ပါ နင်လှနေလို့

မိုးထက် နတ်သက်ကြွေသူ ရင်ခုန်သံ ဘယ်လို ထိန်းရမှာလဲ

About this song
Albums
Unknown
Release year
Unknown
Language
Level
Created by
a******9@gmail.com