Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
တစ် နှစ် သုံး လေး ၁၂နာရီ ၃၄မိနစ် နှစ်သစ် ရောက်နေပြီ မင်းပြန်လာမယ့်နေ့ကို အခုငါ စောင့်နေပြီ
နှစ်နဲ့လနဲ့ တအားပဲ ချစ်ခဲ့ရတာ မဆန်း မင်းအနားမှာ မရှိတဲ့အခါ ငါ့မှာလွမ်း
ညမှာချမ်း နေ့မှာပူ ငါ့ဘဝရဲ့ အရေးပါသူကို တမ်းတချင်ခဲ့ နှုတ်ခမ်းဖျားက အနမ်း
ဘဝနဲ့ရင်းပြီး မင်းရဲ့ အကြီးမားဆုံး ပေးဆပ်မှု ခန္ဓာကိုယ် အနွေးဓာတ် နဖူးက ချွေးစက်
အနားက ပြေးထွက် ဒီနေ့နဲ့ဆို လေးရက် တစ်နေ့ထက် တစ်နေ့ပို အလွမ်း အငွေ့အသက်
ရေးစပ်းနေတဲ့ သီချင်းတွေတောင်မှ စိတ်မပါ မင်းသာ အနားမှာ ရှိရင် ကြိမ်းသေ ငါ့လက်မောင်းပေါ် အိပ်မှာ
မျက်လုံးမှိတ်ပါ ခြေထောက်ချင်း ချိတ်ထား သိပ်သာယာ မင်းနဲ့ငါ့ ဂန္တဝင် အိပ်ယာ
မင်းသာ အနားမှာ ရှိရင် ဘယ်သူမှ ရှိစရာမလို ချစ်တဲ့ အကြောင်းတွေလည်း ဘယ်သူမှ သိစရာမလို
အနားမှာ မင်းရှိတုန်းက မယုယ မိတာကို နောင်တရ မင်းရဲ့တန်ဖိုး အခုမှ သိလာလို့
စိတ်ထဲမှာ ရှိတဲ့ အတိုင်းပဲ ပြောရရင် မင်းက အနှိုင်းမဲ့ ငါ့ရင်ခွင် တံတိုင်းရဲ့
အတွင်းက နတ်သမီး ငါ့ဘဝ အတိုင်းပဲ ချစ်မယ် နောက်ပိုင်းလည်း နီးစပ်ဖို့ စောင့်ဆိုင်းခဲ့
မင်းအဖေ မင်းအကို မင်းတို့ တစ်မျိုးလုံးက သဘောမတူဘူး ငါနဲ့မင်းကို
ဒါတွေကို လစ်လျူရှုလို့ မေ့လိုက် အခုဆို အရင်ကလို တွေ့ဖို့ မလွယ်ဘူးတဲ့ အရူးလို
ရာသီဥတုတို့က အရမ်းအေးတယ် ငါမှာတာ မမေ့နဲ့ တစ်နေ့ထက် တစ်နေ့ ပိုဝေးတော့ ငါဆွေးတယ်
အိပ်မက်တွေ လာလာပေးတယ် အိပ်မက်ထဲထိ ရန်တွေ့တယ်
မင်းပြန်လာမယ်ပြောတဲ့ ၁လပိုင်း ၃ရက် မင်းမွေးနေ့လည်း
မင်းရောက်မလာ ထားလိုက် မင်းလိုငါ စိတ်မကောက်ပါ နားလည်မှု အပြည့်ပေးပြီး ချစ်မယ် မင်းတစ်ယောက်သာ
ကြိုက်သလောက် အာရုံနောက် ထပ်ပြီး ပြောမယ် နောက်တခါ
မင်းကိုချစ်တာ လူတိုင်းထက် ပိုတယ် သဘောပေါက်လား
ဟိုလူဒီလူတွေနဲ့လည်း လိုက်ပြီး နှိုင်းယဉ်သူ အသက်အရွယ် လေးနှစ်လောက် ကွာနေတော့ မင်းနဲ့ငါက အမြင်မတူ နေရာတိုင်း ကလေးဆန်ချင်သူ
ငါ့ဒုက္ခတွေ မမြင်ဘူး မင်းထင်ရာ မင်းစိတ်ကြိုက် လုပ်ချင်သူ
ထားပါ နေ့တိုင်း ဒီကိစ္စတွေနဲ့ပဲ စကားများ ငါ့မှာ အရမ်းချစ်နေ လွန်းတော့လည်း ခွင့်လွတ်ရမှာ
သနားစရာ ငါ့ဘဝ မင်းမရှိတဲ့ ငါ့ကမ္ဘာ လမသာတဲ့ည ကြယ်မမြင်ရပါ
အမြဲတမ်း ပြတ်မယ်စဲမယ် ဖုန်းမဆက် ရက်အနည်းငယ် ငါက ပြန်ဆက်သွယ်ခဲ့တယ် နှစ်ယောက်စလုံး မပြတ်နိုင်ဘဲနဲ့
ရန်ဖြစ်တော့လည်း ဖြစ်တာပဲ ရှိမယ် ဘာမှ မပြောချင်တော့ဘူးငါ ချစ်တာပဲ သိတယ်
I love you ငါချစ်တာပဲ သိတယ် I love you ချစ်တာပဲ သိတယ်
I love you ချစ်တာပဲ သိတယ် I love you ချစ်တာပဲ သိတယ် I love you