Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
မြိုသိပ်ကာ ထားလိုက်တော့မယ်
ငါငိုနေတယ်ဆိုတာ နင်သိအောင် ဘယ်လိုပြောမလဲ
တိုးတိုးတိတ်တိတ် ပျက်စီးသွားတဲ့ အခိုက်အတန့်တွေ
ပျော်ရွှင်စရာတွေ စုဗူးးထဲထည့် သိမ်းလို့ နင့်ဘေးနား ခဏထားခဲ့မယ်
ငါ့ရဲ့စိတ်ဝိဉာဉ် ကိုယ်ပွားငယ် နှလုံးသားလေးအတွက်
ပြန်လာချိန်ထိ စောင့်နေဖို့ ယုံကြည်ထားတယ်
သေချာနေပြီ အနာဂတ် တစ်ခုလုံး...
ငွေမှင်ရောင်ပိုးသားပေါ် ဆန်တက် သမုဒ္ဓရာကိုဖြတ်ပျံသွားတာ
တိုင်းတစ်ပါးသို့ ပညာရှာ ယုံကြည်စွာ နှလုံးသားကို အပ်နှံထားပါ
စက္ကန့်များ တစ်ချက်ချက်နားမှာ
မရပ်မတန့် အဆက်မပြတ် အထပ်ထပ်ကြားလာ
ဒေသတွေ ကန့်သတ်ထားပါစေ သူ့ပါးအစားထိုးနမ်းရန် အခြားမရှာ
သူစာတွေ ကျက်နေတဲ့အချိန် အလုပ်တွေကို ကျွန်တော်ကြိုးစားမယ်
အပျော်ပါးလည်း မက်မနေတော့ပါ ဗရုတ်တွေကို လျှော့လို့ထားတယ်
မျက်ရည်တော့ ကျမှာဟေး လွမ်းနေသော ညမှနေ့
မနက်ခင်းတွေ အစောကြီးထ ဘုရားရှိခိုး အလှမ်းဝေးသောဘဝကနေ
အမြန်ဆုံး ကျွတ်လွတ်ပါစေ သူကျန်းမာပါစေ ဆုတောင်း
ဒိုင်ယာရီ စာအုပ်ထဲမှာ အမှတ်တရကဗျာတွေ စုဆောင်း
ပြန်လာချိန် ပန်းစီးနဲ့ ကြိုဖို့ ဧည့်ခန်းမှာ ပန်းတွေ စိုက်ထားတယ်
ဗွီဒီယိုကောမှာ နှုတ်ခမ်းတွေ ပြုံးနေတယ်
တကယ်တမ်းက အလွမ်းတွေ အတိုင်းအဆမဲ့
အလွမ်းလေးတွေ စိုနေတဲ့ ပြက္ခဒိန်ရယ်
ငိုနေတဲ့ အို ဒိုင်ယာရီလေး တိတ်လိုက်ပါကွယ်
ဝေးနေတုန်း စက္ကန့်တွေရယ်
ဘာကြောင့်မို့ သိပ်နှေးတာလဲ မေးနေမိတယ်
အချိန်တွေကို အမြန်ကျော်ပြီး သွားချင်တယ်
ပြန်ကာ ပြေးလာမယ် မင်းဆီကို ရောက်ဖို့
အလွမ်းတွေ ခြောက်လှန့်လို့ ညဥ့်နက်တွေ သိပ်ကြောက်နေတယ်
အတူတူလျှောက်ခဲ့တဲ့ ဒီလမ်းတို့ ခရေတွေ မြေမှာလေ ကြွေနွမ်းလို့
ရင်ခုန်သံဟောင်းလေးများအား သဲ့သဲ့ကြားနေသလို...မျိုး
အတူတူကြည့် ကန်ရေပြင် နံဘေးမှာ သူဖျော်တိုက်ခဲ့တဲ့ ကော်ဖီလေး သတိရ
ပြောမထွက်ခဲ့တဲ့ စကားလုံးတွေ ရေရွတ်ကာ....
စိတ်အတွေးနဲ့ ပင်လယ်ကို ဖြတ်သန်းပြီး မိုင်ထောင်ချီ ဝေးကွာလည်း
မင်းအနားကို ပြေးပြေးလို့ သွားခဲ့တာ
ငါ့ဘဝထဲ ဒုတိယအကြိမ် ရောက်လာဖို့ မျှော်နေတယ်
မင်းဘက်က ရင်ခုန်သံ သွေးအေးလို့ မသွားနဲ့ကွာ
နှလုံးသားမှာ ဒဏ်အစုံရနေ ကြွေကွဲခြင်း မာန်ဟုန်ကြွနေ
ကံမကုန်ရင် ပြန်ဆုံပါရစေ ဆုတောင်းနေဆဲ ရန်ကုန်ကနေ
ဘာအတွက် ဒီလိုဝေးကွာ ငါ့ဘက်ကို လာရပ်နေလို့ ပေးပါ
သီချင်းတွေပဲ ငါစပ်နေလို့ရေးတာ
မင်းမရှိတော့ ကမ္ဘာပျက်နေလို့ ဆွေးစရာ အတွေးမှာဟေ့
မင်းအပြုံးတွေ ဟိုအရင်လိုပြေးရှာ သတင်းမုန်းတွေ မလိုချင်လို့ပေးတာ
အပိုထင်လို့ဘေးမှာ ငြိုငြင်လို့ဝေးကွာ မင်းအတွက်သီချင်း ဆိုချင်လို့ကလေးရာ
ခေတ်တစ်ခေတ်ရဲ့ကြား အပြစ်ဖြစ်ခဲ့လား
မင်းရော အခုပြောပါ အချစ်သစ်နဲ့လား .. အို
ရိုးမြေကျ ကတိတွေ ပေးခဲ့ပြီးမှ
ကျွန်တော်က သူ့အတွက် အသင့်မဖြစ်ကာထား
အတူရှိခဲ့နေ့ရက်တွေကို စာစီလို့လွမ်းတာ ဆုံး မသွား
မထင်မှတ်ပဲ သတိရခဲ့ရင် မြန်မာပြည်သို့ လှမ်းလာဦးမလား
ကောင်းကင်ကို ပေလွှာအဖြစ်ထား ကြယ်တွေကို စာစီပြီး လွမ်းပြချင်တာ
ကျခဲ့ရတဲ့ မျက်ရည်သည် အချစ်စစ်တစ်ခုအတွက် သက်သေတည်
အဝေးရောက်ကြလို့ အတောင်တွေဖြန့်ကာ
မိုးမြေကို ကြေငြာပစ်မှာ
ယုံကြည်ပါ သူတစ်ယောက်တည်း နှလုံးသားဆီမှာ
နောက်ထပ်မရှိနိုင် တော့တဲ့ သစ္စာတရား...
အလွမ်းလေးတွေ စိုနေတဲ့ ပြက္ခဒိန်ရယ်
ငိုနေတဲ့ အို ဒိုင်ယာရီလေး တိတ်လိုက်ပါကွယ်
ဝေးနေတုန်း စက္ကန့်တွေရယ်
ဘာကြောင့်မို့ သိပ်နှေးတာလဲ မေးနေမိတယ်
အချိန်တွေကို အမြန်ကျော်ပြီး သွားချင်တယ်
ပြန်ကာ ပြေးလာမယ် မင်းဆီကို ရောက်ဖို့
အလွမ်းတွေ ခြောက်လှန့်လို့ ညဥ့်နက်တွေ သိပ်ကြောက်နေတယ်
အတူတူလျှောက်ခဲ့တဲ့ ဒီလမ်းတို့ ခရေတွေ မြေမှာလေ ကြွေနွမ်းလို့
ရင်ခုန်သံဟောင်းလေးများအား သဲ့သဲ့ကြားနေသလို...မျိုး
အတူတူကြည့် ကန်ရေပြင် နံဘေးမှာ သူဖျော်တိုက်ခဲ့တဲ့ ကော်ဖီလေး သတိရ
ပြောမထွက်ခဲ့တဲ့ စကားလုံးတွေ ရေရွတ်ကာ....