Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ဘယ်တော့မှ..လမ်းမခွဲကြေးဆိုသော ကိုယ်စီထား..ရှိခဲ့ကတိတွေ
တစ်နေရာစီဝေးသွားခဲ့ချိန်မှာတော့ အလွမ်းတို့ပဲကျန်ခဲ့
အရင်တုန်းက..အမှတ်တရနေ့ရက်များ
အရင်တုန်းက..ထားရှိကတိတို့က
ခုချိန်မှာ.. ပျောက်ပျက်သွား.. ဒဏ်ရာများနဲ့ရူးခဲ့ရသူပါ
ကိုယ်စီဒဏ်ရာတွေနဲ့ပါ.. တစ်ပြည်တစ်ရွာ
တစ်နေရာစီဝေးသွားတဲ့..အခါ ပြန်လည်ဆုံနိုင်ဖို့ကို.. ဟို
ဆုတောင်းရင်းလွမ်းနေမလား
ဒီကမ္ဘာ..ဒီနေရာလေးမှာ အတူတူထိုင်နေရင်းစကားများစွာ..လည်း
ရင်ခုန်ခဲ့သောအချိန်တွေ နင်မေ့လို့ရနေလား ချစ်သူရာ
အနေကြာသူ့ မေတ္တာက ကြာတော့ဝေဒနာတစ်ခုဖြစ်လာ
အဖြေရှာတုဆစ်ကာ..ရှာတော့ မကြေညာဘူးတစ်နေ့မှာ
'မေ'လာ လုပစ်တဲ့.. အလွမ်းတွေ လေမှာဖူးပွင့်သား
သေချာမှု..အစစ်က သူကပြည်တစ်ရွာကူးရစ်ရှာ
မနေသာဘူးအချစ်ရာ ငါ့အသည်းလည်းမဖြေသာစူးနစ်ကာ
ဟိုအရင်တစ်ချိန်ကသွယ်တန်းသီတဲ့ ကေသာဦး..ဆီကအချစ်ပန်း
ညစ်နွမ်းရင်လည်း အပြစ်တန်းတင်ခဲ့ ဘာကိုမှအဆင့်အတန်းမဝင်ပဲ
ပန်ဆင်ဖို့..အမှန်မထင်တော့ရင် မြေမှာ အခု ပစ်ပါ
ကိန္နရီ..ချောင်းခြားဆိုတဲ့ ရှေးအဆိုတွေမကြုံစဉ်အခါက
ပုံပြင်.သာဓကလောက်သာ ကျုပ်ဘက်ကယုံချင်တာဗျ
ခုတော့လည်းခံစားသိမှ ထိုစကားကိုယုံချင်လာရ
နေဝင်မှနေထွက်သည်အထိ သူ့အကြောင်းပဲခုံမင်တာဟ
မြေမှာ..နွမ်းကြေလွင့်ဖွယ် နွေကဗျာ..ပန်းကြွေတစ် ပွင့်ရယ်
ခြေရာ..အလှမ်းတွေဆင့်အောင် ဖွေရှာ..အလွမ်းတွေမငြင်းနဲ့
မေကညာ..အနမ်းတွေသစ်မယ့် နေရာ..ကမ်းတွေဖြစ်ကွယ်
အသစ် ကမ္ဘာမှာ ပစ်ခွာသွားပြီ ပြည်တစ်ရွာ..လှမ်းနေရစ်တယ်
ကိုယ်စီဒဏ်ရာတွေနဲ့ပါ.. တစ်ပြည်တစ်ရွာ
တစ်နေရာစီဝေးသွားတဲ့..အခါ ပြန်လည်ဆုံနိုင်ဖို့ကို.. ဟို
ဆုတောင်းရင်းလွမ်းနေမလား
ဒီကမ္ဘာ..ဒီနေရာလေးမှာ အတူတူထိုင်နေရင်းစကားများစွာ..လည်း
ရင်ခုန်ခဲ့သောအချိန်တွေ နင်မေ့လို့ရနေလား ချစ်သူရာ
ကန်ဘောင်ပေါ်က နင့်ရဲ့တချို့သော
အချည်းနှီး အမှတ်တရတွေပါလား
ခရေ..ပန်းပွင့်ကလေးများလည်း အသီးသီးနွမ်းလျကြွေကာကျ
နှုတ်ဆက်စကားရဲ့နောက်ပိုင်းမှာ ခရီးအပြီးထွက်သွားတယ်အပြင်ဌာန
ပြန်လည်ကာဖွေရှာမရသော အဓိပတိလမ်းကခြေရာများ
အစမှာ.သိပ်ပျော်ဖို့ကောင်းတယ် သို့သော်ရေရှည်ဖြစ်မလာခဲ့
မုန်တိုင်းကိုသတိပေးနေသော အေးစက်တဲ့လေပြေညှင်းများပဲ
တရွေ့ရွေ့ လွင့်ပါးခဲ့တဲ့အဆုံးမှာ အခြေအနေတင်းမာခဲ့
သုံးလာတဲ့စကားလုံးများလည်း ကျုပ်ဘဝလုံးပါး ပေတေခြင်းများနဲ့
ဒုက္ခကိုဆေးဆိုးထားတယ် ခုအရောင်မှိန်ကာပျောက်မသွားဖို့
ကျုပ်ဘဝကိုစတေးလို့ နားလည် သူနောင်တစ်ချိန်မှာကောင်းစားဖို့
ရမ္မက် တဏှာတွေ ချိုးနှိမ်စိတ်နဲ့ အမှောင်ပိတ်ကာအနောက်ကဆို
မျက်နှာလေးညှိးနေလိမ့်မယ် လောင်းရိပ်များအောက်မှာဆို
ငါ့အကြောင်းတွေ အိမ်မက်မက်ရင်အရင်လိုလှပနိုင်ပါ့မလား
ရင်ဖိုသွားစရာတိုင်းတစ်ပါးသားပဲ ဖြစ်သလိုအစရှာရိုင်းပြမလား
နင့်လိုပကာသနအတိုင်းအတာမှာ အချစ်ကို ဓနက ပိုင်းကားသွား
အပြစ်မပြောပါ နင်သိဖို့ ဒီသီချင်းကိုချပြလိုက်တာပါ
ကိုယ်စီဒဏ်ရာတွေနဲ့ပါ.. တစ်ပြည်တစ်ရွာ
တစ်နေရာစီဝေးသွားတဲ့..အခါ ပြန်လည်ဆုံနိုင်ဖို့ကို.. ဟို
ဆုတောင်းရင်းလွမ်းနေမလား
ဒီကမ္ဘာ..ဒီနေရာလေးမှာ အတူတူထိုင်နေရင်းစကားများစွာ..လည်း
ရင်ခုန်ခဲ့သောအချိန်တွေ နင်မေ့လို့ရနေလား ချစ်သူရာ
နောင်တစ်ချိန်မှာ ခဏနဲ့မတွေ့လည်း ဟိုအရင်လို ငါ့ရဲ့စိတ်ထဲ
မေ့ဖျောက်ဖို့ကြိုးစားရင်းနဲ့ သူ့အကြောင်းခေါင်းထဲဝင်လာမြဲ
ရေမြေတွေခြားလို့နေလည်း ထာဝစဉ်သာ ဆက်လို့ချစ်မြဲ
နင့်ဘက်ကပစ်ခဲ့ရင်တောင် ငါ့ရဲ့ဘက်က ချစ်မှာ အမြဲ...