Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ငါ့မနက် မင်းပါ ငါ့ရဲ့ညတွေ အို မင်းပါ
အချစ်လို့ခေါ် မြန်မာလူမျိုးရဲ့ အက္ခရာ
ကျေးငှက်ထက် သာယာသောအသံ ပန်းခင်းလေးလိုနွဲ့သောဟန်
အရမ်းချစ်တယ် သူသာကျွန်တော့ရဲ့ လက်တွဲ ဖော်
ကမ္ဘာမြေ တစ်ခွင်လုံးမှာ ချစ်တဲ့သူ တစ်ယောက်ထဲပါ
အနမ်းများက လွမ်းဖို့ဖြစ်လာတာမဟုတ်ပါ
အိမ်ပြန်ချိန်တိုင်းမှာ မနှုတ်ဆက်ချင်ပါသိလား
စိတ်ချကွာ ကိုယ်တို့တစ်နေ့ပေါင်းရမှာပါ
ရှေ့ဘဝရဲ့ ရေစက်ကြောင့် ဒီဘဝမှာမင်းနဲ့
ချစ်သူဖြစ်ခွင့်ရတာဟာ ကောင်းသောမွန်မြတ်ခြင်းပဲ
အနာအဆာတွေကင်းမဲ့တဲ့ အဖြူရောင်မနက်ခင်းလေးထဲ
ငှက်ကလေးတွေတေးတွေဆို ကိုယ်ပိုင်သံစဉ်ရေးဖွဲ့
အလွမ်းများစွာထမ်းပိုးရင်းဘဝခရီးကိုဆက်
မဆုံးနိုင်တဲ့ သံသရာမှာ ငါ့ရဲ့တစ်ယောက်သောသူအတွက်
ရည်စူးရေးစပ်ထားတဲ့သီချင်း ဦးထိပ်ပန်လျှက်
ချစ်သူနားသောတဆင်နိုင်ရန် အလွမ်းပြေရေးစပ်
ဒီလိုအလွမ်းတွေ အငွေ့အသက်တွေကြားမှာ အနမ်းချင်ပွေ့ဖက်
သူ့ရဲ့နူတ်ခမ်းလေးကို မှန်းပေးလို့ ကြည်နူးအေးစက်
ဒါကိုလှမ်းတွေ့တဲ့ကောင်ကင်ပေါ်က
လမင်းကြီးတောင်ရှက်သွားတယ်
ဘာတွေဖြစ်ဖြစ်ဆက်သွားမယ် မနက်ဖြန်ဆိုတဲ့ရက်များရယ်
သူပြောနေကျ သူအတွက်တော့ ငါကသူရဲကောင်းတဲ့
ထာဝစဉ်ရင်မှာမြဲပါစေ အချစ်တွေဘယ်တော့မှမပြောင်းလဲ
ဆူးခင်းလမ်းလည်းလျှောက်မယ်အတူ နင်သာရှိရင်မကြောက်ခဲ့ဘူး
အချစ်ဆိုတာဟာနင်နဲ့တွေ့မှ တန်ဖိုးထားပြီးချစ်ခဲ့အခု
ကမ္ဘာမြေ တစ်ခွင်လုံးမှာ ချစ်တဲ့သူ တစ်ယောက်ထဲပါ
အနမ်းများက လွမ်းဖို့ဖြစ်လာတာမဟုတ်ပါ
အိမ်ပြန်ချိန်တိုင်းမှာ မနှုတ်ဆက်ချင်ပါသိလား
စိတ်ချကွာ ကိုယ်တို့တစ်နေ့ပေါင်းရမှာပါ
မဟာသမုဒ္ဒရာပင်လယ်ပြင်ထက် နက်ရှိင်းသောသစ္စာတွေ
မဟာပထဝီမြေကြီးထက် မာကျောသောဂရုဏာတွေ
စကြဝဠာကြီးထက်ကို ကျယ်ပြန်တဲ့မေတ္တာတွေ
ဤစကားသာမှန်ခဲ့ရင် ဘဝဆက်တိုင်းမှာအမြဲ
ငါတို့နှစ်ယောက်ချစ်သူရည်းစား ဘာလုပ်လုပ်အပြစ်မယူမိပါ
ခွင့်လွှတ်ပြီးချစ်သူရှိရာ လာမယ်ဆိုချစ်သူသိမလား
အလွမ်းတွေကြီးကွာ ဘာကြောင့်မိုလို့စည်းတား
နင်နဲ့ငါကြားအဓိက ထားရှိနိုင်တဲ့နားလည်မှု့သာရှိကြ
ခြောက်သွေ့အုံမှိုင်းရီဝေ..နေလေသော
သစ်ရွက်ခြောက်တို့ကြွေကာကျ ရင်း အချိန်တွေကိုကျော်
နာရီမိနစ် စက္ကန့် ငါနင့်အနားမှာအဖော်
ဘာတွေဖြစ်ဖြစ် ဒီလိုဆိုရင် အမြဲသိပ်ကောင်းမှာနော်
ကောင်းတာပေါ့ ဒီလိုပြောတော့ သူအမှတ်တမဲ့ခေါင်းခါရော
နောက်တာနော် မလုပ်နဲ့ ဝေးရမှာကိုတကယ်ကိုကြောက်တာ သြော်
မင်းနဲ့ရှိရင်ပျော် ဟိုး....ကမ္ဘာအဆုံးထိကိုခေါ်
လက်ကိုတွဲ ဘယ်လိုလည်း အတူယှဉ်ကာလျှောက်စို့နော်
ငါ့မနက် မင်းပါ ငါ့ရဲ့ညတွေ အို မင်းပါ
အချစ်လို့ခေါ် မြန်မာလူမျိုးရဲ့ အက္ခရာ
ကျေးငှက်ထက် သာယာသောအသံ ပန်းခင်းလေးလိုနွဲ့သောဟန်
အရမ်းချစ်တယ် သူသာကျွန်တော့ရဲ့ လက်တွဲ ဖော်
ကမ္ဘာမြေ တစ်ခွင်လုံးမှာ ချစ်တဲ့သူ တစ်ယောက်ထဲပါ
အနမ်းများက လွမ်းဖို့ဖြစ်လာတာမဟုတ်ပါ
အိမ်ပြန်ချိန်တိုင်းမှာ မနှုတ်ဆက်ချင်ပါသိလား
စိတ်ချကွာ ကိုယ်တို့တစ်နေ့ပေါင်းရမှာပါ
အလွမ်းများစွာထမ်းပိုးရင်းဘဝခရီးကိုဆက်
မဆုံးနိုင်တဲ့ သံသရာမှာ ငါ့ရဲ့တစ်ယောက်သောသူအတွက်
ရည်စူးရေးစပ်ထားတဲ့သီချင်း ဦးထိပ်ပန်လျှက်
ချစ်သူနားသောတဆင်နိုင်ရန် အလွမ်းပြေရေးစပ်...