Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
တစ်ရက်လောက်မတွေ့ရရင် တစ်သက်လောက်ဝေးရထင်ခဲ့..
တစ်ချက်လောက်ဆွေးပြချင်တယ်..
ငါ့အတွက်..အလွမ်းတွေပေးမသွားပါနဲ့..
ဝေးလို့သွားခဲ့ရင် တွေးလို့.. ကျမျက်ရည်နဲ့
ခေါင်းအုံးလေးကသက်သေပဲ
ခဏခဏ..ထားလို့..အဝေးမသွားပါနဲ့
ငါတို့တစ်ယောက်နဲ့တစ်ယောက် တစ်နေရာစီဝေးသွားတဲ့အချိန်
ငါဘယ်လိုမှကိုမေ့မရ အခါခါရေးသားခဲ့ခြင်း
စာတွေ..ကဗျာတွေ၊ ငါလေ..တခါတလေ
ရူး..လောက်အောင်လွမ်းနေ
ကာစီး..ထားတဲ့တံတိုင်းလေးများစွာလဲ..
ရင်မော..နေရဦးမယ် နင်ကောလွမ်းရဲ့လား
ငါတော့လွမ်းတဲ့ကြားထဲက ငါ့စိတ်များ...
တစ်ရက်လောက်မတွေ့ရရင် တစ်သက်လောက်ဝေးရထင်ခဲ့..
တစ်ချက်လောက်ဆွေးပြချင်တယ်..
ငါ့အတွက်..အလွမ်းတွေပေးမသွားပါနဲ့..
ဝေးလို့သွားခဲ့ရင် တွေးလို့.. ကျမျက်ရည်နဲ့
ခေါင်းအုံးလေးကသက်သေပဲ
ခဏခဏ..ထားလို့..အဝေးမသွားပါနဲ့
ပါရမီလမ်းအထက်မှာ ငါ၏အလွမ်းဇာတ်က
နာရီလက်တံများနဲ့အတူ ရာသီမနက်ဖြတ်သွား
အချိန်တချိုရဲ့. ခါးသီးရက်စက်သမျှ
စတေးခံလူသားအဖြစ် ဘဝခရီး ..လမ်းတစ်ဝက်မှာ
အမြစ်တွယ်နှောင်ဖွဲ့စေသော မတင်းကြပ်တဲ့ကြိုးပတ်ထား
အနာဂတ်ကိုဆေးရောင်ခြယ်ဖို့ မင်းလက်ထဲထိုး..အပ်ကာ
မှောင်မိုက်တဲ့ညတံတိုင်းတွေ အလင်းတစက်နဲ့ချိုးဖျက်သွား
ပူလောင်မှုတွေအဆုံးသတ်ဖို့ ဆင်းသက်လှည့်မိုးစက်များ
မင်းနှုတ်ခမ်းကသက်တန့်လေးတွေလို နှလုံးသားထဲဖြန့်ကျက်စတေးနေလို့
အသက်ရှူဖို့ရပ်တန့်ပေးနေသလို ဖန်တီးထားတဲ့ စက္ကန့်လေးတွေတချို့
နွေး..ထွေးစေဖို့ ဝေးဝေးမနေဖို့
ရင်ထဲကဆန္ဒတစ်ခု မခွဲရဲဘူးမနက်ဖြန်နေ့တွေဆို
သူ့ရဲ့ဖိနပ်တစ်ရံ သူသွားမဲ့ခရီးတစ်လျှောက်လုံး
မိုးတွေရွာနေရင်လဲ သူ့ရဲ့ထီးတစ်ချောင်းပေါ့
သူ့ရဲ့ခေါင်းစည်းလေး သူ့ဆံနွယ်တွေခြည်နှောင်တော့
သူ့ရဲ့ စတေးခံ ဖြစ်ချင်တယ်သူ မသိအောင်ပေါ့
တစ်ရက်လောက်မတွေ့ရရင် တစ်သက်လောက်ဝေးရထင်ခဲ့..
တစ်ချက်လောက်ဆွေးပြချင်တယ်..
ငါ့အတွက်..အလွမ်းတွေပေးမသွားပါနဲ့..
ဝေးလို့သွားခဲ့ရင် တွေးလို့.. ကျမျက်ရည်နဲ့
ခေါင်းအုံးလေးကသက်သေပဲ
ခဏခဏ..ထားလို့..အဝေးမသွားပါနဲ့
သတိရမိတဲ့အကြောင်းတွေကို
ဗလာစာရွက်တွေမှာပဲ ငါလေကဗျာသာစပ်နေတာအမြဲ၊
မင်းမယုံရင် ငါ့လွယ်အိတ်ထဲလာရှာဖတ်နေပါကွယ်၊
မမေးပါနဲ့. အရင်ကအကြောင်းတွေဘာညာမက်နေတာလဲ
ခုထိငါမညာတတ်သေချာခဲ့
မင်းရဲ့အကြည့်ကငါ့ကိုစွဲလန်း မညှာမတာသတ်..နေတာပဲ၊
ရှစ်..မိုင်မှာမင်းလေးမရှိတဲ့ မလာပါရက်တွေမှာလဲ
ငါလဲမသာယာတတ်..ဖြေစရာမဲ့
အွန်လိုင်းမှာ..နင်နဲ့တွေ့မလား ငါရှာchat.နေတာအမြဲ
နင့်friendပြောတဲ့..နင်သွားတတ်တဲ့ ပလာဇာဘက်.တွေမှာလဲ..
ရှာတာအခါခါထပ်နေတာပဲ မလာပါပြာယာခတ်စေ..တာအမြဲ
မင်းလျှောက်သွားတဲ့အချစ်ခရီးလမ်းမှာ ငါမပါ လက်..တွေသာလွဲ
အမှာစာမပြတ်လို့ဖုန်းကို အခါခါမကြာမကြာဆက်နေ ငါလဲ
ခုထိ မလာပါခက်နေပါရဲ့
ကတိမတည်တတ်တဲ့နင့်ရဲ့အချစ်ကို အထာငါနပ်နေမှာပဲ
မင်းနှိပ်စက်လို့.ငါ့ရဲ့အချစ်က.ပါမလာ အသက်တွေသာမဲ့
နင်က မစာနာတတ်နေပါလျက်
အသည်းမှာအဖာတစ်ရာထပ်နေတာအမြဲ၊
မျက်ရည်ကျတာချစ်မိလွန်းလို့ ဒါဟာသက်သေပါပဲ...
တစ်ရက်လောက်မတွေ့ရရင် တစ်သက်လောက်ဝေးရထင်ခဲ့..
တစ်ချက်လောက်ဆွေးပြချင်တယ်..
ငါ့အတွက်..အလွမ်းတွေပေးမသွားပါနဲ့..
ဝေးလို့သွားခဲ့ရင် တွေးလို့.. ကျမျက်ရည်နဲ့
ခေါင်းအုံးလေးကသက်သေပဲ
ခဏခဏ..ထားလို့..အဝေးမသွားပါနဲ့
တစ်ရက်လောက်မတွေ့ရရင် တစ်သက်လောက်ဝေးရထင်ခဲ့..
တစ်ချက်လောက်ဆွေးပြချင်တယ်..
ငါ့အတွက်..အလွမ်းတွေပေးမသွားပါနဲ့..
ဝေးလို့သွားခဲ့ရင် တွေးလို့.. ကျမျက်ရည်နဲ့
ခေါင်းအုံးလေးကသက်သေပဲ
ခဏခဏ..ထားလို့..အဝေးမသွားပါနဲ့