Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ငါက လွမ်းတဲ့ အဆိပ်တွေတက်
လူကစိတ်နဲ့ လုံးဝမကပ်
တစ်နေ့လုံး အလွဲတွေပဲ လူတွေနဲ့ လွဲနေဆဲ
ငါက မင်းအကြောင်းပဲ တွေးနေမိတယ်
ပုံစံမကျတဲ့ ဒီလောကကြီးထဲ
မရေရာပဲ အချစ်ကို ကိုးကွယ်မိခဲ့
တစ်နေ့လုံး အလွမ်းတွေနဲ့ ငါဟာ လဲကျနေခဲ့
အချိန်တွေ ရစ်ပစ်လို့ရရင် ကောင်းမယ်
စာတွေလည်း ကျက်မရ Telephone ဘေးနား
စိတ်မချ မင်းကြောင့် ရူးသွားနိုင်တယ်
ဘာမှလုပ်လို့မရ မြင်သမျှတွေ့သမျှ
မင်းပုံရိပ်တွေနဲ့ ငါရူးတော့မှာပဲ
မာမီလစ်တဲ့အခါ ဖုန်းတွေပြောမယ်
ဒယ်ဒီသိသွားမှာ ကြောက်ပေမယ့်လည်း
အရာရာ နင့်ကြောင့်ပါပဲ ငါအင်အားရှိလာခဲ့
အတူလက်တွဲပြီး ထွက်သွားချင်မိခဲ့
စာသင်ခန်းထဲမှာ စိတ်မပါဘူးကွယ်
ဆရာတွေ သိသွားမှာ ကြောက်ပေမယ့်လည်း
အရာရာ နင့်ကြောင့်ပါပဲ
တကယ်ကို အမှတ်မရှိ နိုင်ခဲ့
ဒီစာမေးပွဲ အမြန်ပြီးရင် ကောင်းမယ်
စာတွေလည်း ကျက်မရ Telephone ဘေးနား
စိတ်မချ မင်းကြောင့် ရူးသွားနိုင်တယ်
ဘာမှလုပ်လို့မရ မြင်သမျှတွေ့သမျှ
မင်းပုံရိပ်တွေနဲ့ ငါရူးတော့မှာပဲ
ခဏလောက် ဖြစ်ဖြစ် မင်းငါ့ရဲ့အနား ရှိနေပေးနိုင်မလား
စာမေးပွဲပြီးတဲ့နေ့ စိတ်ကူးနဲ့ငါ ကြည်နူးနေရ
အိပ်မက်များစွာ ရူးခဲ့ရသူပါ
အလွမ်းဆိပ်တက်ကာ အယောင်ယောင် အမှားမှား
စိတ်နဲ့အဝေးမှာ လူဟာ အစေးမကပ်နိုင်ပါ
ကို့ယို့ကားယား ဒါငါ့ရဲ့ကမ္ဘာ
∆
စာတွေလည်း ကျက်မရ Telephone ဘေးနား စိတ်မချ......
ဘာမှလုပ်လို့ မရ မြင်သမျှ တွေ့သမျှ မင်းပုံရိပ်တွေနဲ့
စာတွေလည်း ကျက်မရ Telephone ဘေးနား
စိတ်မချ မင်းကြောင့် ရူးသွားနိုင်တယ်
ဘာမှလုပ်လို့ မရ မြင်သမျှတွေ့သမျှ မင်းပုံရိပ်တွေနဲ့
စာတွေလည်း ကျက်မရ Telephone ဘေးနား
စိတ်မချ မင်းကြောင့် ရူးသွားနိုင်တယ်
ဘာမှလုပ်လို့မရ မြင်သမျှတွေ့သမျှ
မင်းပုံရိပ်တွေ ပဲ ငါရူးတော့မှာပဲ