Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ငါ့ဘဝမှာ လိုနေတာက များများ ပြင်ဆင်နေလည်း မလောက်မငှ
ရှင်သန်ရခြင်းက အသက်တိုစေတယ် အမှတ်တမဲ့ မင်းနဲ့ဆုံတွေ့ခဲ့...
ဒါဟာငါ့အတွက် လောက ကပေးတဲ့ ဆုလိုပဲ သတ်မှတ်ပါတယ်
မင်း ရုံးဆင်းချိန်ကိုဖမ်း ကိုယ့်အိပ်ကပ်ထဲက ပန်းတွေ
မင်း မရိပ်မိခဲ့သော ကန္တာရများရဲ့ အလွမ်းက ညနေ
အချစ်ဟာခဲမှန်ဖူးတဲ့ စာသူငယ်လို ကြောက်နေခဲ့ ခဲလုံးတွေ
မင်းဝိုက်လက်သီးတွေနဲ့ ငါ့ကိုထိုးသွားတဲ့ တွဲလုံးတွေ
တကယ်ပါ ဂရုမစိုက်နိုင်ခဲ့ အချစ်ရေကမ္ဘာပါ ပျက်ပါစေ
အဲ့ဒီလို အေးဆေးနေသူဟာ မင်းနဲ့တွေ့မှပဲ ပြာယာခတ်နေ
အချစ်ဖန်ဆင်းတဲ့ မာယာညနေ
စောက်ဂရုမစိုက်သူနဲ့ စိုးရိမ်တတ်သူရဲ့မျက်ရည်
နှလုံးခုန်ရပ်မတတ် ချစ်ခဲ့မိပါရဲ့ ဘဝမှာ
ဘဝပါပျက်မတတ် ချစ်ခဲ့မိတာလည်း ဘဝမှာ
မင်းကိုအရူးလို အလိုရှိခဲ့ပါရဲ့ ငါ့မှာ...
အရာရာအားလုံးထက် ချစ်နိုင်ပါရဲ့နဲ့ ငါ့ခမျာ
ငါကချစ်တာပဲသိတယ် ဘုရားကို တရားချဖို့ ကြိုးစားသလို
ငါ့အဖြစ်ကို မင်းမြင်ကြည့်စမ်းပါ အမိုက်မဲဆုံး မိုးညလို
ဒီစာသားကို နားထောင်နေတဲ့သူ ပြောစမ်းပါဦး ငါ့ကို
မင်းလည်း ကျိန်စာသင့်သွားပြီပဲ အမိုက်မဲဆုံး မိုးများစို....
ဒီအခိုက်အတန့်လေး.. အနား ရောက်နေစေချင်တယ်
ဒီအခိုက်အတန့်ပြီးရင် ငါတို့နှစ်ဦး သူစိမ်းဖြစ်တော့မယ်
အပြင်မှာထပ် တွေ့ဖြစ်ရင် ငါ့စိတ် ဘယ်လိုနေရမလဲ...
အရာရာ အသား ကျသွားအောင် ငါထွက်သွားပေးပါ့မယ်
Cause you're my lover... my lover love of my life
မလိုအပ်တဲ့ အခါ မင်းဘဝ မင်းအတွက်ပဲကြည့်ပါ မငိုနဲ့
ငါ မင်းအနားမှာ မရှိတော့မှ မင်းဘဝလေး အဆင်ပြေ မယ် တနေ့နေ့မှာ......
တကယ်ကို မင်းမရှိတဲ့နောက်မှာ ဘဝဟာကိုက်ခဲနေ
ဘာစီလိုနာနဲ့ မင်းကိုချစ်ခဲ့တာ တိုက်ပွဲလေ
ငါဟာမေ့လို့ မင်းနာမည်ကို မကြားချင်လည်း ကြားရနေ ဘုရားသခင်...
သေသွားချင်တယ် သွားပါရစေ ခွင့်လွတ်မှုဟာ နှလုံးသားကို
အပတ်စဉ် ရိုက်ခဲ့တဲ့ သတင်းစာလို ငါ့ရင်ဘတ်ဟာ မင်းဝင်လာလိုက်
ထွက်သွားလိုက်နဲ့ ဆင်းကာငို
တကယ်ချစ်တဲ့သူဟာ နာကျင်မှုတွေမပေးဘူးလို့ မင်းညာသလို....
ငါ့ဘဝနဲ့ရင်းပြီး ချစ်တာတော့ ဘယ်သူတွေမှ ငြင်းစရာမလို
Cause you're my lover... my lover love of my life...
မလိုအပ်တဲ့အခါ မင်းဘဝ မင်းအတွက်ပဲကြည့်ပါ မငိုနဲ့...
ငါမင်းအနားမှာ မရှိတော့မှ မင်းဘဝလေး အဆင်ပြေမယ် တနေ့နေ့မှာ......
ငါ့ဘဝမှာ.... လိုနေတာကများများ... ပြင်ဆင်နေလည်း မလောက်မငှ.....
ရှင်သန်ရခြင်းက အသက်တိုစေတယ်....