Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ညဘက်ထိ အိပ်မရဖြစ်နေ သန်းခေါင်ယံ အတွေးများထဲလေ
ထိန်းချုပ်ဖို့ ကြိုးစားကြည့်တဲ့ အချိန် နင်ဟာ အိပ်မက်ဖြစ်နေ
မင်းမှမင်းပဲ ဖြစ်နေခဲ့ ငါဟာရူးမူး ရင်မှာ ဆူး ဆူးလည်း မမှူ
ချစ်မိသွားတဲ့ ငါ့ရဲ့ အဖြစ်က စားတယ်
အိပ်မက် ခေါ်ဆောင်ရာ မင်းဆီကို ငါ အမြန်ရောက်လာဖို့
အိပ်စက်ရမယ် ယောင်ချာချာ ညတွေဆို ငါလေ မအိပ်နိုင်လို့ စိတ်ပျက်ရတယ်
အမြဲတမ်း နီးစပ်ခွင့်ရတဲ့ အိပ်မက်လေးက လမင်းပဲ မင်းပဲ… မင်းပဲ…
အပြာရောင် အိပ်မက်က နိုးတစ်ဝက် အိပ်တစ်ဝက်
စိုးရိမ်စိတ် တစ်ချို့က အိပ်လို့မရအောင် အဆိပ်ခတ်
အတွေးတွေ ကယောက်ကယက် နဲ့ ကိုယ့်ကိုကိုယ် ပြန်နှိပ်စက်
အိပ်ဆေးတွေ အများကြီး သောက်ကာ တစ်ကျိုးထဲ ငါ ပြန်အိပ်စက်
ဒီအချိန် အိပ်မက်ထဲ မက်ပြီ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်
ဆံပင်ပုံစံက ပင်လယ်ထက်က လှိုင်းလို တွေးကောက်
ပုံစံက ကလေး တစ်ယောက်လို အပြစ်တွေ ကင်းစင်လွန်းတဲ့ မျက်နှာ
ချစ်စရာကောင်းတဲ့ အပြုအမူတွေကြောင့် အတွေးထဲက ဖျောက်ဖျက်ဖို့က ခက်လာ
ဒီလိုနဲ့ တစ်ရက် တစ်ခါ ညတိုင်း အိပ်မက်ထဲမှာ တွေ့ဆုံရင်း
မိတ်ဆက်ကာ စကားတွေပြော အချိန်ကြာတော့ ချစ်သူစာရင်းကိုဝင်
ဖြစ်နိုင်ရင် အပြင်ကမ္ဘာ လောကကြီးထဲသို့ ဖိတ်ခေါ်ချင်
တစ်လောကလုံးမှာ မင်းထက်မိုက်တဲ့ မိန်းကလေးဆိုတာ ရှိဖို့မမြင်
𝅘𝅥𝅮
အဖြစ်အပျက်တွေဟာ လက်တွေ့မဆန်မှန်း နိုးထချိန်ရောက်မှ ငါလေသိခဲ့
ပြတင်းပေါက်ကို တိုးဝှေ့ကာ လေပြေများ... ဒါအိပ်မက်လား...
ခေါ်ဆောင်ရာ မင်းဆီကို ငါ အမြန်ရောက်လာဖို့
အိပ်စက်ရမယ် ယောင်ချာချာ ညတွေဆို ငါလေ မအိပ်နိုင်လို့ စိတ်ပျက်ရတယ်
အမြဲတမ်း နီးစပ်ခွင့်ရတဲ့ အိပ်မက်လေးက လမင်းပဲ မင်းပဲ… မင်းပဲ…