Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ဟိုး ရှေးရှေးတုန်းက လူသားလေး တစ်ယောက် မင်းကိုချစ်တယ် ပြောဖို့ မွေးဖွားလာ သတဲ့
ပြီးတော့ မင်းနဲ့ဆုံဖို့ နှစ် နှစ်ဆယ်ကျော် လောက်ထိ အဝေးကြီးကနေ အပြေးအလွှား လာခဲ့တယ်
မင်းမျက်နှာလေးကို ထိုင်ငေးရတာနဲ့ သူ့မှာ မင်းဓါတ်ပုံလေးတွေ ထိုင်Save ရတာနဲ့
မင်းအကြောင်း သီချင်းလေးတွေ ရေးရတာနဲ့ အိပ်ရေးမဝ မျက်တွင်းကျ သွေးအားပါ နဲတယ်
မင်းကတော့ ဘယ်အလေးထား ပါ့မလဲ ဘေးနားမှာ ဘဲလေးတွေ အုံခဲနေတာ
မမှီတဲ့ပန်းလေးကို ခုန်ဆွဲနေတာ သူ့မှာ ခဏခဏ ပြုတ်ကျတယ် ဖုန်သဲတွေကြား
မင်း မကြိုက်တဲ့ အရာတွေ မလုပ်ပဲနေမှာ မင်းကြိုက်တဲ့ မုန့်ပဲ သရေစာ
မင်းကြိုက်တဲ့ ရုပ်ရှင် မင်းကြိုက်တဲ့ အရာတွေကို သိတက်လွန်းလို့ တစ်ခြားစုံတွဲတွေ အကုန်လဲ သေမှာ
သူ မင်းကို ချစ်တယ် မင်းသူ့ကို ပြန်ချစ်မယ်လို့လဲ မျှော်လင့် နေတုန်းတဲ့
မင်းဆီက Replayလေးများ ရရင် အူမြူးကာ ခုန်ပေါက်ပြီး အော်ဟစ်နေတုန်းပဲ
အဖြေတောင်းရင်တော့ သူ့မှာ မျက်ရည်ဝဲရတယ် မင်းက ပညာသားပါပါနဲ့ လျှော်ပစ်နေလို့တဲ့
ငိုလိုက် ရီလိုက်နဲ့ အိမ်ကလူတွေလည်း စိတ်ကျန်းမာရေးဆရာဝန် ခေါ်စစ်နေအုံးမယ်
အဲ့လို မင်းကိုရူးတာမှ ထမင်းလွတ် ဟင်းလွတ်ပဲ မြတ်စွာဘုရား ဆင်းချွတ်လည်း မကျွတ်တဲ့ သံယောစဉ်တွေနဲ့ ကောင်ကို မင်းမို့လို့ ငြင်းလွှတ်တယ်
နောက်ဆုံး ချခင်းထားတဲ့ မာနလေးတွေကို တစ်စဆီ ပြန်ကောက်သိမ်းလိုက် ပါတယ်
မင်းပြောတဲ့ သူငယ်ချင်းဆိုတဲ့ ဂုဏ်ပုဒ်လေးကို သေတဲ့အထိပဲ ငါ စောင့်ထိမ်းလိုက် ပါမယ်
မင်းလေးငါ့ကို ထင်ထားတဲ့ ထက်ပို လိပ်ပြာလှသေးတယ် မကောင်းတဲ့ အတိတ်တို့ ခေါင်းထဲဖိတ်လို့ စိတ်နာစရာ မတွေးနဲ့
အလင်းကလေး ကျလာရင် မင်းဘေးနား ကိုယ်အရိပ်သာသာ လေးပဲ
မီးလေးမှိတ်ကာ မျက်လုံးလေး ပိတ်လို့ အိပ်ပါ ညီမလေးရယ်
မင်းနဲ့သူ အနေထားတွေ တခြားစီ မိုးခေါင် ရေရှားသည့် ဒေသတွေ သွားပြီး
အိမ်မက်တွေကို စိုက်ပျိုးမိတဲ့ကောင် မျှော်လင့်ချက်လေးတွေပါ ဝေဝါးနေရပြီ
သူငယ်ချင်းတွေက နေသားတွေ ကျပြီလား မေးရင်လည်း သူ့မှာ အဖြေစကားတွေက မရှိ
ဒီလူ့ကို ထားပြီး ထွက်သွားစမ်းပါ မင်း နင်းတက်ရဦးမယ့် လှေကားတွေ အများကြီး
ဝေဟင်မှာ လွင့်သွားတဲ့ လေတံခွန်နဲ့ မြေပြင်က ရစ်ဘီးမျိုးမို့ နှစ်ယောက်ကြား ဆက်ထားတဲ့ သံယောစဉ် ကြိုးတွေကို ကောင်မလေးက သစ်စိမ်းချိုးချိုး
အပြန်အလှန် ပေးဖူးတဲ့ nick name အမျိုးမျိုးကို အိမ်မက်ထဲမှာ နောက်ပြောင်ပြီး လျှောက်ခေါ်နေ တုန်းတဲ့
အရင်လို နင် ရင်လာဖွင့်မလားလို Telephoneလေးက ပေါက်ကြောင်ပြီး စောင့်မျှော်နေတုန်းတဲ့
ကောင်လေးက ရီရတယ် ကောင်မလေးက ဒီဘဝနဲ့ ဒီမျှပဲလို့ ပြောတာတောင် ပြန်အဆင်ပြေ ချင်တယ်လို့ ဂျီကျတယ်
ဘဝက အစ်ကိုရေးတဲ့ သီချင်းတွေလို ကာရံ ဘယ်ညီပါ့မလဲတဲ့ သူ့ဆုံးဖြတ်ချက်က အတည်တကျပဲ ငါ့မှာ ထုပ်ပိုးထားတဲ့ ခံစားချက်တွေကို ဖြည်မပြရဲ
ဘိုင်းကောင်း ကျောက်ဖိထားတဲ့ ညီမငယ် မင်းက ကိုယ်ထင်ထားတာ ထက်တောင်မှ မိန်းမပို ပီသတယ်
ခက်ခက်ခဲခဲ တည်ဆောက်လာခဲ့တဲ့ ခင်မင်မှုတွေကို အလွယ်လေး ပစ်ထားခဲ့
ပျော်ခဲ့ဖူးတဲ့ အတိတ်တွေနဲ့ အမှတ်တရပေါင်း သောင်းခြောက်ထောင်ကို ထည့်တွေးသင့်သားနဲ့
ပုံပြင်လေးရဲ့ အဆုံးမှာ ကောင်မလေးက နောက်တစ်ယောက်ကို တကယ်ရွေး ချစ်သွားတယ်
ကောင်လေးကျတော့ ရင်ကွဲနာကျ ဟိုး ကောင်းကင်ယံမှာ ကြယ်လေး ဖြစ်သွားသတဲ့
မင်းလေးငါ့ကို ထင်ထားတဲ့ ထက်ပို လိပ်ပြာလှသေးတယ် မကောင်းတဲ့ အတိတ်တို့ ခေါင်းထဲဖိတ်လို့ စိတ်နာစရာ မတွေးနဲ့
အလင်းကလေး ကျလာရင် မင်းဘေးနား ကိုယ်အရိပ်သာသာ လေးပဲ
မီးလေးမှိတ်ကာ မျက်လုံးလေး ပိတ်လို့ အိပ်ပါ ညီမလေးရယ်
မင်းလေးငါ့ကို ထင်ထားတဲ့ ထက်ပို လိပ်ပြာလှသေးတယ် မကောင်းတဲ့ အတိတ်တို့ ခေါင်းထဲဖိတ်လို့ စိတ်နာစရာ မတွေးနဲ့
အလင်းကလေး ကျလာရင် မင်းဘေးနား ကိုယ်အရိပ်သာသာ လေးပဲ
မီးလေးမှိတ်ကာ မျက်လုံးလေး ပိတ်လို့ အိပ်ပါ ညီမလေးရယ်